Thursday, June 2, 2011

အမြဲလိုလို မောပန်းနွမ်းနယ်နေရင်



သင်ဟာ ညဘက်မှာ အိပ်ရေးပျက်ခဲ့တယ်ဆိုရင် နေ့ဘက်မှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ငိုက်နေမှာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ သင်ဟာ ကောင်းကောင်း အိပ်စက်ပြီး အာဟာရပြည့်ဝအောင် စားသောက်ပါလျက်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါလျက်နဲ့ ပင်ပန်းနွမ်းနယ်နေသလိုမျိးလည်း ခံစားရနိုင်ပါတယ်။
အိပ်ရေး ၀အောင်အိပ်ခြင်း၊ မျှတတဲ့ အစားအစာတွေ စားခြင်း၊ ကိုယ်လက် လှုပ်ရှားမှု လုပ်ခြင်းစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘ၀နေထိုင်မှု ပုံစံတွေဟာ စွမ်းအားပြည့်စေဖို့ အရေးကြီးတယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ဒီအချက်တွေအပြင် အောက်ပါအသေးအဖွဲ လုပ်ဆောင်မှုလေးတွေကလည်း သင့်ရဲ့စွမ်းအင်တွေ တိုးတက်အောင် ကူညီနိုင်ပါလိမ့်မယ်။ 

မနက်စာကို အမျှင်ဓာတ် များများစားပါ---
မနက်စာမှာ အမျှင်ဓာတ်များများပါတဲ့ ကွေကာ၊ ဆန်လုံးညိုနဲ့ သစ်သီးတွေ ပါဝင်အောင် စားပေးရင် သင်ဟာတနေ့လုံး လန်းဆန်းတက်ကြွနေပါလိမ့်မယ်။ Cardiff University မှ လေ့လာမှုက အမျှင်ဓာတ်များတဲ့ မနက်စာစားသူတွေဟာ မစားသူတွေထက် မောပန်းနွန်းနယ်မှု ၁၀-ရာခိုင်နှုန်း လျော့နည်းတာ၊ စိတ်ဓာတ်ကျမှုနည်းတာနဲ့ အသိဉာဏ်စွမ်းရည် ပိုကောင်းတာကို တွေ့ရှိခဲ့ရပါတယ်။

သီအိုရီအရတော့ အမျှင်ဓာတ်ဟာ အစာအိမ်ထဲမှာ အစာတွေစုပ်ယူမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေတဲ့အတွက် အချိန်ကြာကြာ စွမ်းအင်ပြည့်ဝနေစေပါတယ်။

ကော်ဖီခွက်သေး ၀ယ်ပါ---
ကျွမ်းကျင်သူတွေက လန်းဆန်းမှုအတွက် ကဖင်းဓာတ်အပေါ်မှာ အလွန်အကျွံ အားမကိုးတာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ သင်ဟာ ကော်ဖီကို မသောက်ရ မနေနိုင်အောင် စွဲလမ်းနေရင် တနေ့လုံး ညီညီမျှမျှ နည်းနည်းစီ ခွဲသောက်တာက ပိုကောင်းပါတယ်။ ကဖင်းအနည်းငယ် (ကော်ဖီရှစ်အောင်စ ဒါမှမဟုတ် ဒီထက်နည်းတာ) ကို နာရီအနည်းငယ်ကြာတိုင်း သောက်ပေးရင် တခါတည်း ကော်ဖီခွက်ကြီးတခွက် သောက်လိုက်တာထက် ပိုပြီးအချိန်ကြာကြာ သင့်ကို နိုးကြားတက်ကြွ စေကာ အာရုံစိုက်နိုင်စွမ်း ပိုရှိစေတယ်လို့ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မကြာခဏ စားပါ---
မကြာခဏ စားပါဆိုတာ အလွန်အကျွံ စားခိုင်းတာ မဟုတ်ပါဘူး။ နည်းနည်းနဲ့ မကြာခဏ စားတာကို ဆိုလိုတာပါ။ တနေ့မှာ ထမင်းသုံးနပ် ပြည့်အင့်အောင် စားတာက သင့်ကို လေးလံထိုင်းမှိုင်းစေနိုင်ပါတယ်။ အစာကို တနေ့လုံး မကြာခဏ (၃-၄ နာရီကြာတိုင်း)နည်းနည်းစီ စားတာဟာ သင့်ရဲ့သွေးတွင်း သကြားဓာတ်ကို မြင့်နေစေတဲ့အတွက် သင့်ကို အိပ်ငိုက်တာ ဒါမှမဟုတ်-အလွန်ဆာလောင်သွားတဲ့အတွက် အလွန်အကျွံစားမိတာမျိုး မဖြစ်စေတော့ပါဘူးလို့ Brigham အာဟာရဌာနမှ ဒါရိုက်တာ kathy Mc Mams က ဆိုပါတယ်။

ရေသောက်ပါ---
မောပန်းနွမ်းနယ်နေပါတယ်ဆိုပြီး ကျွန်တော့်ဆီကို ရောက်လာတဲ့ လူတွေထဲက တ၀က်ဟာ တကယ်တော့ ရေဓာတ်ခန်းခြောက်နေကြတာ ဖြစ်ပါတယ်လို့ New York မြို့မှ Beth Israel Medical Center  မှ Woodson က ဆိုပါတယ်။ ရေဓာတ်ပြည့်ဝနေစေခြင်းဟာ စွမ်းအင်ပြည့်ပြီး အာရုံစိုက်နိုင်စွမ်းရှိဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။

အားကစားသမားတွေကို လတ်တလော လေ့လာမှုတခုမှာ ၁၅-နာရီကြာအောင် အရည်နဲ့ ရေဓာတ်ပြည့်ဝတဲ့  အစာတွေစားသုံးမှုကို ကန့်သတ်ထားပြီး နောက်မှာ ၉၂-ရာခိုင်နှုန်းက မောပန်းနွမ်းနယ်လာတာကို တွေ့ရပါတယ်။ သူတို့ဟာ မှတ်ဉာဏ်လည်း ကျဆင်းပြီး အာရုံစိုက်ရတာလည်း ခက်ခဲလာပါတယ်။ သင်ဟာ တနာရီ ဒါမှမဟုတ်-နှစ်နာရီကြာတိုင်း ရေသောက်ပေးရင် ရေဓာတ်ပြည့်ဝနေပါမယ်။

သီချင်းနားထောင်ပါ---
စားပွဲမှာထိုင်ရင်း  အိပ်ငိုက်လာပါသလား၊ အလုပ်လုပ်နေရင်း သီးချင်းနားထောင်လိုက်ပါ။ လေ့လာမှုတခုက အလုပ်လုပ်ရင်း သီချင်းနားထောင်သူတွေဟာ နားမထောင်သူတွေထက် ထုတ်လုပ်မှုစွမ်းရည် ၁၀-ရာခိုင်နှုန်း ပိုမိုတိုးတက်လာတာကို တွေ့ရှိရပါတယ်။

ကျောက်ပွင့်သုပ် စားပါ---
ကျောက်ပွင့်မှာ အိုင်အိုဒင်း ပါဝင်ပါတယ်။ အိုင်အိုဒင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန်၊ စွမ်းအားအဆင့်နဲ့ စိတ်ခံစားမှုတွေကို ထိန်းညှိပေးတဲ့ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ အရွယ်ရောက်သူ တယောက်ဟာ နေ့စဉ် အိုင်အိုဒင်း ၁၅၀-မိုက်ခရိုဂရမ် (ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ၂၂၀-မိုက်ခရိုဂရမ်နဲ့ နို့တိုက်မိခင်ဟာ ၂၉၀-မိုက်ခရိုဂရမ် )လိုအပ်ပါတယ်။

ဆယ်မိနစ် လမ်းလျှောက်ပါ---
လမ်းအနည်းငယ်လျှောက်ရုံနဲ့တင် သင့်ကို စွမ်းအင်ပိုရှိစေတယ်လို့ အမေရိကန် နှလုံးအသင်းက ဆိုပါတယ်။ လေ့လာမှုအရ တရက်မှာ ၁၀-မိနစ်နဲ့ တပတ်မှာ မိနစ် ၇၀-လမ်းလျှောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်လက်လှုပ်ရှားမှု မရှိသူတွေထက် ခြောက်လကြတဲ့အခါ စွမ်းအင် ၁၈-ရာခိုင်နှုန်း ပိုလာတာကို တွေ့ရပါတယ်။ သူတို့ဟာ ခေါင်းလည်း ပိုကြည်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုရှိလာပါတယ်။ လှေကားတက်ရာမှာ ပိုမိုအမောခံနိုင်ပြီး လွယ်ကူစွာ တက်နိုင်ကြပါတယ်။ ကိုယ်လက်နာကျင် ကိုက်ခဲမှုလည်း နည်းတာကို တွေ့ရှိရပါတယ်။

No comments:

Post a Comment

ဘလော့အာဘော်

My photo
ကျွန်တော်ဟာလက်ရှိ မလေးရှားမှာပါ..ကျွမ်းကျင်သူ တယောက်မဟုက်ပါ. ခုမှ လေ့လာနေဆဲပဲပေါ့.. အမှားများပါရင်လဲ ခွင့်လွတ်ပေးပါ.. ဤဘလော့ဟာလဲ အပြင်းပြေရုံ သက်သက်ပါ...မည်သူ့ ကိုမှ မဆော်ကားပါ.... အားလုံးကိုကျေးဇူးတင်ပါတယ်... စနေမောင်မောင်....

နှလုံးသားရှိသူတိုင်းမျှဝေခံစားနိုင်ပါစေ....စနေမောင်မောင်

Introduction

အဖွဲ့ဝင်များ

ကောင်းကင်ပြာ အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးအတွက်လဲပြင်ဆင်ထားပါ..